၁၃၅၂ ခု/နံယုန်လ္ဆန်း(၄)ရက်/တနင်္ဂနွေနေ့တွင် ရခိုင်ပြည်နယ်/မြောက်ဦးမြို့နယ်/ရုပ်ချောင်းကျေးရွာတွင် အဘ ဦးင/ညံ့/အမိဒေါ်လှမြသူ တို့မှ ဖွားမြင်ခဲ့သည် မွေးချင်း (၅)ဦး အနက် (၄)ယောက်မြောက် သားရတနာဖြစ်သည်။
၁၃၆၀ခုနှစ်တွင် ဗုဒ္ဓသာသနာတော်သို့ဝင်ရောက်ခဲ့ပြီး ရုပ်ချောင်းကျောင်းတိုက်တွင်ပရိယတ္တိစာပေများကိုလေ့လာခဲ့သည်။
၁၃၆၉ခုနှစ်တွင် ရန်ကုန်မြို့တွင်သာမဏေရ ဝိနယမူလဘွဲ့ကိုရရှိခဲ့သည်။
၁၃၇၁ ခုနှစ်တွင် မြောက်ဦးမြို့/ညောင်ပင်ဈေးကျောင်းတွင် ရဟန်းဘဝကိုတက်လှမ်းခဲ့ပြီး ၎င်းနှစ်၌ပင် အစိုးရပထမကြီးတန်းကိုအောင်မြင်ခဲ့သည်။
၁၃၇၂ခုနှစ်တွင် အသက်(၂၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သောကဝေဒနာ အဖြေရှာ စာအုပ်ကိုစတင်ထုတ်ဝေခဲ့သည်။
ယခုအခါ ရခိုင်ပြည်တွင်လှည့်လည်ကာ တရားဓမ္မများကို တကာ/တကာမတို့အား တရားဟောပြ၍် အစိုးရ ဓမ္မစရိယစာပေများကို လေ့လာဆည်းပူးလျက်ရှိသည်။
No comments:
Post a Comment