Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

ရာဇဝင်သမိုင်းမရိုင်းရအောင်


အို----ရခိုင်သူ/ရခိုင်သားရို့
လောကတခွင် သံသရာတွင်
အမျိုးသီလ နစ်ဌါနကို
စောင့်စွမ်းနိုင်မှ ရက္ခရခိုင်

ခေါ်တွင်ရာတွင် သင်ကားဇါလောက်
လူမျိုးအတွက် လုပ်ပြီးဗျာယ်လဲ့
သင်ကားသီလ စောင့်ဗျာယ်လဲ
ကံကကောင်းလို့ သက်ရှိခန္ဓာ
ရှိသည့်ခါတွင် သင်မလုပ်လျင်
သင့်၏အဆက် မျိုးဆက်သစ်မှာ
နှောင်ချိန်ခါတွင် ကမ္ဘာပေါ်မှာ
မရှိပါဘဲ ပြတိုက်၌သာ
ကြည့်ရလိမ့်မည်
စဉ်းစားဉာဏ်ယှဉ် သတိဝင်လော့
သင့်ခေတ်ကျမှ
လူမျိုးလည်းတုန်း မျိုးလည်းပြုန်းလျင်
သင့်ရာဇဝင် ရိုင်းရာပေ၏
သို့တွက်တာကြောင်း
သင့်ရာဇဝင် မရိုင်းရအောင်
လူမျိုးအတွက် စွမ်းနိုင်ရာက
စွမ်းဆောင်ကြမှ
သင့်ရာဇဝင် ကောင်းမည်သာ
သင်၏လူမျိုး ကမ္ဘာတစ်ရိုး၌
ထွန်းတောက်မည်သာ အမှန်ပါ
လုံးလရှေ့ထား လူလျင်ကြံက
တစ်နေ့မုချ ရက္ခမဏ္ဌလ တိုင်းဓညကို
အမှန်မုချ ရမည်သာတည်း။
               အရှင် အရဟံ(ဗုဒ္ဓဝိဟာရ)

No comments:

Post a Comment