Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

ရွက်နုတိဝီ

မေတ္တာခေါင်းပါး
နွီရွာကြားမှာ...
အဝတ်စား ဗလာ၊ ငါလျှောက်လာလည်း...။


အကြင်နာခေါင်းပါး
နွီရွာကြားမှာ...
အစားစာ ဗလာ၊ ငါလျှောက်လာလည်း...။

စေတာနခေါင်းပါး
နွီရွာကြားမှာ...
အင်အားဗလာ၊ ငါလျှောက်လာလည်း...။

ငါကား မသီ
ချီမြဲချီလျက်။

ရွက်ကျင်လီသွန်၊ ရာသီပြန်ကေ
ထက်သန်စွမ်းအား၊ ငါ့သွီးသားက
ပေါက်ဖွားစီရီ၊ ဖူးညှောက်စီဗျာ
နီမြန်းတက်ကြွ၊ ငါ့အလှကို
ဝမ်းသာအားရ ကြည့်ကတ်လီ။

.......၀.......
လေးဝတီ ခိုင်ကျော်
(ရခိုင်သဟာယမဂ္ဂဇင်း အမှတ်(၆) မှ)

ရခိုင်အလင်းရောင်ဘလော့မှ



No comments:

Post a Comment