Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

မြို့သူကြီးအောင်ကျော်စံ၏သီတမ်းစာ


ဥဓါဏ်မကြီး ဖြစ်ရလေခြင်း
တိုင်းပြည်ကိုကြံ အောင်ကျော်ဇံမှာ
စံလှမ်းဖွေ
နှောင်တစ်ကျိပ်ခြောက်ရိုး ယွင်းဖောက်သစ္စာ သူရို့မှာကား

ဝမ်းစာစားခွက် တတွက်တွက်ကို
တသက်စာထင် ခွီးအမြင်ကြောင်း
တိုင်းခွင်သာစည် ငါရို့ပြည်လည်း
သူ့ပြည်ဖြစ်ရ ဝမ်းနည်းစာတည်း
မိဘဆရာ ပေါရဏာရို့
ဝေါဟာထုံးဟောင်း လူပဒေါင်းကို
မပေါင်းဖို့ရာ ဆိုတုံပါလည်း
မိကာသတိ ပေါင်းဖော်မိ၍
လက်ဟိဒုက္ခ ငါခံရ၏
ဘဝတစစ် လူပြန်ဖြစ်က
အသစ်ခုပင် တော်လှန်ချင်သည်
ဇါပင်မမိန့်သာသောကြောင်းတည်း။

No comments:

Post a Comment