Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

ထာဝရအလင်းရှင်

ကြွေလင့်ခဲ့ပြီ ပြည်မြန်တလွား
သမိုင်းတွေရေသားခဲ့ မျိုးဆက်သစ်များအတွက် သတ္တိတွေ

ခွန်အားတွေကို အသင့်စားသုံးနူင်အောင်လို့
သွေးနဲ့တည်ဆောက် ခြောက်သွေးတဲ့ကန္တာရဟာ အရှင်ရဲ့စွမ်းအားကြောင့် စိုပြေခဲ့ရပြီပေါ့
ဝှေ့ရမ်း ကြမ်းတမ်းတဲ့လေတွေ ခြောက်ခမ်း
သောင်ထွန်းသွားတဲ့မြေကို
မမောမပန်း စွမ်းအားတွေထုတ်
နောက်မဆုတ်တမ်း လမ်းတွေပြင် ဒန်းတွေဆင်ပြီး စမ်းတဝါးဝါးမြေပြင်မှာ
ဝိဉာဉ်မဲ့နေတဲ့ကိုယ်ကောင်ကို
အရှင်ဟာပြန်ရှင်သန်စေခဲ့တယ်
ဝိဉာဉ်တွေပေါက်ဖွား မြေနုတွေစားကြ
အေးမြတဲ့စမ်းရေ ဖြစ်စေခဲ့
လေတွေတိတ်ဆိတ်သွားတော့ မျိုးစေ့ချခဲ့သူဟာ
တိမ်တွေအပေါ်မှာ လွင့်ပြေသွားရင်
တို့တွေရဲ့င်္ရာဇဝင် ဘယ်မှာပီပြင်တော့မှလည်း
                မောင်ထွန်းအောင်

No comments:

Post a Comment